Resources

Self-study Resources

Air Travel 4

ဒီတစ်ခါ လေယာဉ်ပေါ်က စကားလုံးလေးတွေကတော့ ပုံကြည့်တာနဲ့ သိသာမြင်သာတဲ့ စကားလုံးများပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်လို လှလှပပလေး ရေးလိုသူများအတွက် စနစ်ကျသောနည်းလမ်းကောင်းများ

အင်္ဂလိပ်စာ အရေးအသားက မြန်မာ ကျောင်းသားတွေအတွက် ကြီးမားတဲ့ အခက်အခဲတော့ မဟုတ်ပေမယ့် ကိုယ့်အရေးအသားကို ထိထိမိမိနဲ့ လှလှပပ ဖြစ်ဖို့ အခြေခံက စလေ့ကျင့်ပုံ အရေးကြီးပါတယ်။ လေ့ကျင့်ပုံနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

English Reading တိုးတက်အောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာဖတ်ခြင်းက အလေ့အကျင့်မရှိဘဲ ဒီအတိုင်းစဖတ်ရင် ခက်ခဲနိုင်ပါတယ်။  စာဖတ်ရာမှာ ရည်ရွယ်ချက်ရှိရှိ ဖတ်ရပါတယ်။ ကိုယ်ကဒီစာကို အချက်အလက်တချို့သိချင်လို့ ဖတ်မှာလား၊ အကြောင်းအရာတစ်ခုခုကို အသေးစိတ်သိချင်လို့ ဖတ်မှာလား၊ အသုံးအနှုန်းပဲသိချင်လို့ လှန်ကြည့်တာလား ကွဲပြားဖို့ လိုပါတယ်။ English reading က writing နဲ့ speaking skills တွေအတွက် ကုန်ကြမ်းရနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် စာဖတ်တဲ့အကျင့်ကို သေသေချာချာ လေ့ကျင့်သင့်ပါတယ်။ English reading တိုးတက်စေနိုင်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Useful phrases

ဒီတစ်ခါ အင်္ဂလိပ်ဘာသာစကားကို စာဟန်ပေဟန်မဟုတ်ဘဲ သဘာဝကျကျ ပြောလို့ရတဲ့ အသုံးလေးတစ်ချို့ မျှဝေပေးချင်ပါတယ်။

How to improve English listening

အင်္ဂလိပ်စာ သင်ယူနေသူအများစုက Listening Skill ကို အခက်ဆုံးလို့ မြင်ကောင်း မြင်နိုင်ပါတယ်။ ဖြစ်တော့လည်း ဖြစ်နိုင်ပါတယ်။ အခြေခံပညာမှာ နားထောင်ရတဲ့အချိန်က အနည်းဆုံး ဖြစ်နေလို့ပါ။ ဒါကြောင့်မို့လို့ အင်္ဂလိပ်စာ စလေ့လာသူ ကျောင်းသားများက အင်္ဂလိပ်စာနားထောင်ရမယ်ဆို အနည်းငယ် ကြောက်ကြပါတယ်။ listeningဟာ ကိုယ့်ဦးနှောက်ကို ထည့်သွင်းမယ့် အချက်အလက်သဖွယ်လဲ ဖြစ်နေတာမို့ အထူးသတိပြု လေ့ကျင့်သင့်ပါတယ်။ အမှန်တော့ အင်္ဂလိပ် listening skill ကို လေ့ကျင့်ဖို့က မခက်ခဲလှပါဘူး။ ကိုယ့်ဘာသာကိုယ် ဘယ်လိုလေ့ကျင့်လို့ရမလဲ ဆိုတာ ဆက်လက်ဖော်ပြပေးပါ့မယ်။

အင်္ဂလိပ်စကား မြန်မြန်ပြောတတ်အောင် ဘယ်လိုလုပ်မလဲ

မြန်မာကျောင်းသားအများစု ပြောလေ့ရှိတာက တစ်ဖက်သား ပြောတာ ကိုယ်နားလည်ပေမယ့် ကိုယ်ပြန်မပြောတတ်ဘူး။ မပြောရဲဘူး။ တချို့ကလည်း ဘာပြန်ပြောရမလဲ မသိဘူး ဆိုပြီး ဖြစ်တတ်ကြပါတယ်။ ဒီလိုခေတ်မှာ English Speaking သွက်လာအောင် လုပ်နိုင်ဖို့ လွယ်ကူပါတယ်။ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို ပြောဆိုသုံးတဲ့ နေရာတွေ၊ အင်္ဂလိပ်စကားပြောဝိုင်းတွေ၊ စကားပြောအသင်းတွေကို သွားရင်တော့ အကောင်းဆုံးပါပဲ။ စကားပြောဖို့က အနည်းဆုံး လူ၂ယောက်တော့ လိုပါတယ်။ စကားပြောကို အခြေခံကစပြီး ဘယ်လိုလေ့လာမလဲ။