Resources

Self-study Resources

လုပ်ငန်းခွင်သုံး အီဒီယမ်များ

Idioms တွေဟာ စကားပြောမှာ စာကြောင်း အရှည်ကြီးတွေ အသုံးပြုစရာ မလိုဘဲ၊ တိုတိုနဲ့ လိုရင်းရောက်တာမို့ အသုံးပြုကြခြင်း ဖြစ်ပါတယ်။ Idioms အရေအတွက်တွေကလည်း များပြားလှတာမို့ သူ့နေရာနဲ့သူ ယဉ်ကျေးတဲ့ နည်းလမ်းနဲ့ အသုံးပြုတတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီတခါမှာတော့ လုပ်ငန်းခွင်မှာ အသုံးဝင်မယ့်၊ အသုံးများတဲ့ Idioms အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

English စကားလုံးတွေကို မှတ်မိအောင် ဘယ်လိုလုပ်မလဲ

Vocabulary စကားလုံးဝေါဟာရ သိမှ ဘာသာစကားကို စသုံးလို့ရမှာပါ။ ဒါကြောင့် ဝေါဟာရတွေ ကိုယ့်ခေါင်းထဲ သိနေဖို့၊ နေရာတကျသုံးတတ်ဖို့ လိုအပ်ပါတယ်။ အလွတ်ထိုင်ကျက်ရုံနဲ့ သုံးတတ်ဖို့ ခက်ပါတယ်။ အလွန်ကျက်တုန်း ခဏတာပဲ ခေါင်းထဲဝင်သွားပြီး နေရာတကျ သုံးလေ့မရှိရင် အချိန်ကြာတာနဲ့အမျှ မေ့သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လို မှတ်မိအောင် လေ့လာမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

လုပ်ငန်းခွင် ယဉ်ကျေးမှု

ဒီတစ်ခေါက်တော့ လုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အချက်ကလေးတွေ အသားပေး မျှဝေပေးချင်ပါတယ်။ တော်ရုံသတိမမူလိုက်မိပေမဲ့ တစ်ဖက်က နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယဉ်ကျေးမှုချင်းမတူညီတာမို့ မလိုလားအပ်တဲ့ အထိအခိုက်ကလေးတွေ ဖြစ်စေနိုင်ပါတယ်။ international business culture နဲ့ပတ်သက်ပြီး ဒီတစ်ခါ အဓိကအသားပေး ဖော်ပြပေးချင်တာကတော့ body language အကြောင်းဖြစ်ပါတယ်။

အဆင့်မြင့် Parallel Sentence ရေးနည်း

ဒီပို့စ်ကိုမဖတ်ခင် Sunday က တင်ပေးခဲ့တဲ့ "ရိုးရိုး parallel sentence ရေးနည်း" ဆိုတဲ့ပို့စ်ကို အရင်ဖတ်ပါ။ အဆင့်မြင့် parallel sentence ရေးနည်းကို အပိုင်း (၂)ပိုင်း ခွဲပြပါမယ်။  (၁) Comparison နှိုင်းယှဉ်သုံးနည်း နဲ့ (၂) Idiomatic expressions များဖြင့်သုံးနည်း - ဆိုပြီး ရှိပါတယ်။

ရိုးရိုး Parallel Sentence ရေးနည်း

Parallel sentence ဆိုတာ ဝါကျတစ်ကြောင်းမှာ noun, verb, adjective, adverb, preposition စတဲ့ ဝါစင်္ကရှစ်ပါး (eight parts of speech) ထဲက တစ်ခုခုကိုဖြစ်စေ၊ phrase တစ်ခုလုံးကိုဖြစ်စေ တူရာနောက်တစ်ခုနဲ့ ဆက်တာပါ။ အတူယှဉ်တွဲပြီးရေးတာမို့ parallel (အပြိုင်) လို့ခေါ်တာပါ။ Parallism ကိုရေးတဲ့အခါမှာ နာမ်ကိုနာမ်ချင်း (noun)၊ ကြိယာကိုကြိယာချင်း (verb)၊ နာမဝိသေသနအချင်းချင်း (adjective) စသဖြင့် တူရာကို အတန်းလိုက် list လုပ်ပြီး ရေးရပါတယ်။

“အင်တာဗျူးမေးခွန်းတွေကို ဘယ်လိုဖြေမလဲ”

ဒီတစ်ခေါက်တော့ အင်တာဗျူးဖြေတာနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ မေးတတ်တဲ့မေးခွန်းလေးတွေထဲက အမေးအများဆုံးမေခွန်း (၅)ခုကို ဖြေပုံဖြေနည်းနဲ့တကွ ဂိုက်လိုင်းသဘောမျိုး အသုံးချနိုင်အောင် ဆွေးနွေးပေးမှာဖြစ်ပါတယ်။